
One News Myanmar
News and Intertainment Media
Overdue Last read · last published · next check
Last read 3 days ago, longer than this feed's 1 hour schedule.
Latest articles


မန္တလေးတိုင်းဒေသအတွင်း ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်း

ဒိုက်ဦးမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့အနီးကို ဗဟိုပြုပြီး ဩဂုတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီ ၁၄ မိနစ် ၅၇ စက္ကန့်မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီငလျင်ဟာ ဒိုက်ဦးမြို့ရဲ့ အနောက်မြောက်ဘက် ၃၂ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၇ မဂ္ဂနီကျု အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှား…

ထိုင်းတောင်ပိုင်း၌ တစ်ညတည်း တိုက်ခိုက်မှုပေါင်း ၃၄ ခု ဖြစ်ပွား
ထိုင်းတောင်ပိုင်း ပြည်နယ်သုံးခုမှာ တစ်ညတည်း တိုက်ခိုက်မှုပေါင်း ၃၄ ခုထိ ဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (ISOC) က ကနဦးစာရင်းထုတ်ပြန်တာကို The Nation Thailand မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ် ပြည်နယ်သုံးခုမှာ သြဂုတ်လ ၂၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်ကစပြီး နေရာအများအပြားမှာ တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ မနေ့ညက ထိုင်းနိုင်ငံ…

အမေရိကန်၏ အခွန်တိုးမြှင့်မှုကို ကနေဒါ ပြန်လည်တုံ့ပြန်မည်
အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှုကို ကနေဒါဘက်က ပြန်လည် တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ တရားဝင် ပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ကနေဒါဘက်က တုံ့ပြန်တဲ့အခွန်တိုးမြှင့်မှုကို စက်တင်ဘာ ၈ ရက်မှာ စတင်မှာဖြစ်ပြီး ကနေဒါဘက်ကလည်း အမေရိကန်ရဲ့ အခွန်ကောက်ခံမှုနဲ့ ပမာဏချင်းအတူတူ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက် အမေရိကန်သမ္မတ…

နိုင်ငံတော် သမ္မတကြီး ကီဇီးမြို့ရှိ အထင်ကရနေရာများကို လေ့လာကြည့်ရှု
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ တူဗားပြည်နယ် ကီဇီးမြို့ရှိ အထင်ကရနေရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ သြဂုတ် ၂၃ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ တူဗားပြည်နယ်…

မန္တလေးတိုင်းဒေသအတွင်း ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း
အခုနှစ် မိုးရာသီမှာ မိုးကြီးတာကြောင့် ခရမ်းချဉ်သီးတွေကို အမြန်ခူးဆွတ်တင်ပို့ရောင်းချနေကြရတဲ့အတွက် မန္တလေးဈေးကွက်ထဲမှာ ဈေးနှုန်းတွေ ကျဆင်းလာတယ်လို့ ခရမ်းချဉ်သီးဈေးကွက်က သိရပါတယ်။မိုးကြီးတာကြောင့် ခရမ်းချဉ်သီးစိုက်ခင်းတွေမှာ အပင်တွေလဲကျတာ၊ အသီးတွေ ပျက်စီးနိုင်တာတွေရှိလို့ တောင်သူတွေက အသီးတွေ မပျက်စီးခင် အမြန်ခူးဆွတ်ပြီး တင်ပို့ရောင်းချနေကြတာပါ။ အဲဒါကြောင့် ဈေးကွက်ထဲ ခရမ်းချဉ်သီးတွေ ပေါများလာပြီး…

ပြုလုပ်နေကျ အမှားများကြောင့် ရှုံးနိမ့်ခဲ့ဟု ဖာနန်ဒက်စ် ပြော
အဝေးကွင်းပွဲတွေမှာ ပြုလုပ်နေကျ အမှားတွေကြောင့် ဟူးလ်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်တယ်လို့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ဝန်ခံသွားခဲ့ပြီး ဒီအမှားတွေအတွက် ကစားသမားတွေ အားလုံး တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။ ဟူးလ်စီးတီးအသင်းဟာ မန်ယူအသင်းကို ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲစဉ် အနိုင်ရမှုအဖြစ် အိမ်ကွင်းမှာ အဂျာရီ၊ မန်ဒီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက…

နိုင်ငံတော် သမ္မတကြီး ကီဇီးမြို့ရှိ အထင်ကရနေရာများကို လေ့လာကြည့်ရှု

မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ပြောကြားချက်

မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့်ပတ်သက်၍ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကို၏ ပြောကြားချက်

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး

မြန်မာနှင့် ဘယ်လာရုစ် စွမ်းအင်လုံခြုံရေး ကိစ္စရပ်များဆွေးနွေး

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများ နှစ်စဉ်ကျင်းပရန် တိုက်တွန်း

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေဟာ ဩဂုတ်လ ၂၁ရက် ဒေသစံတော်ချိန်ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မင့်စ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ…

မြန်မာနှင့် ဘီလာရုစ် စွမ်းအင်လုံခြုံရေး ကိစ္စရပ်များဆွေးနွေး
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ ဘယ်လာရုစ်နိုင်ငံ စွမ်းအင်ဝန်ကြီးနဲ့ ဩဂုတ်လ ၂၁ရက် ဒေသစံတော်ချိန် ညနေပိုင်းက မင့်စ်မြို့ရှိ စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာတွေ့ဆုံပြီး မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံ စွမ်းအင်လုံခြုံရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်သွားရေး…

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများ နှစ်စဉ်ကျင်းပရန် တိုက်တွန်း
မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနဲ့ ပြပွဲတွေကို လုပ်သင့်လုပ်ထိုက်တဲ့နေရာတွေမှာ နှစ်စဉ်ကျင်းပနိုင်ဖို့ အစီအစဉ်တွေ စနစ်တကျပြင်ဆင်ပြီး နောက်နှစ်တွေမှာ နိုင်ငံတကာခရီးသွားတွေကိုပါဖိတ်ခေါ်နိုင်တဲ့အထိ ဆောင်ရွက်သွားကြဖို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားပါတယ်။ ဩဂုတ်လ ၂၂ရက်က မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆(မန္တလေး)…

ကရင်ပြည်နယ်တွင် ရေကြီးမှုကြောင့် ကျောင်း (၄၃)ကျောင်း ယာယီပိတ်ထားရ

ရေဘေးအလှူရှင်များ အခက်အခဲမရှိစေရေး Information Centre များဖွင့်လှစ်ထား

ထိုင်းရှိမြန်မာလုပ်သား လေးသိန်းကျော်အား CI ထုတ်ပေးနိုင်ခဲ့

ကားသော့အတုဖြင့် ကားများခိုးယူသူအား ဖမ်းဆီးရမိ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်စေလို

နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံမှ ပြန်လည်ထွက်ခွာ

ကားသော့အတုဖြင့် ကားများခိုးယူသူအား ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှာ မော်တော်ယာဉ်တွေကို ကားသော့အတုအသုံးပြုပြီး ခိုးယူခဲ့တဲ့ တရားခံအမျိုးသားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။ဖြစ်စဉ်ကတော့ ဩဂုတ်လလယ်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၊ အေးရိပ်မွန် (၂)လမ်းနဲ့ ရတနာမွန် (၅)လမ်းထောင့်မှာ ညအိပ်ရပ်ထားခဲ့တဲ့ လိုက်ထရပ်မော်တော်ယာဉ်တစ်စီးပျောက်ဆုံးသွားတဲ့အတွက် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့…

နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံမှ ပြန်လည်ထွက်ခွာ
ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ သြဂုတ်လ ၂၂ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရုရှားနိုင်ငံ တူဗာပြည်နယ်ကို အထူးလေယာဉ်နဲ့ ထွက်ခွာပါတယ်။ နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. မစ္စတာ ဗစ်တာ ကာရန်ကီဗစ်ချ်နဲ့ တာဝန်ရှိသူတွေ၊…

ထိုင်းရှိမြန်မာလုပ်သား လေးသိန်းကျော်အား CI ထုတ်ပေးနိုင်ခဲ့
ထိုင်းနိုင်ငံရှိ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမား ၄၂၉၁၉၂ ယောက်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အသစ် ထုတ်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။CI လက်မှတ်အသစ်ထုတ်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်မြို့တွေမှာ CI စခန်းလေးခု နဲ့ ကရာဘီမှာ Mobile Unit တစ်ခုကို ဖေဖော်ဝါရီ ၁၇ ရက် ကနေ ဩဂုတ် ၁၆ ရက်အထိ ဖွင့်လှစ်ကာ ဆောင်ရွက်ပေးခဲ့တယ်လို့…

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်စေလို
နိုင်ငံတော်၊ လွှတ်တော်နဲ့ ပြည်သူလူထု ပူးပေါင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုတယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကပြောပါတယ်။ဩဂုတ် ၂၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမမှာ ကျင်းပခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ…

အမေရိကန်၏ ပိတ်ဆို့မှုများကို တုံ့ပြန်မည်ဟု အီရန်ခြိမ်းခြောက်
အမေရိကန်က အီရန်ကို အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့ပြီးနောက် အမေရိကန် ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန်သွားမယ်လို့ အီရန်ကသောကြာနေ့မှာ ပြောကြားလိုက်ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က စီးပွားရေးပိတ်ဆို့မှုအစီအစဉ်ကို လာမယ့် တနင်္လာနေ့မှာ အသေးစိတ်ထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့သလို သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်ကို…

ဆွီဒင်ကျောင်းတစ်ကျောင်းတွင် ဓားရှည်ဖြင့် တိုက်ခိုက်မှုဖြစ်ပွား
ဆွီဒင်နိုင်ငံ၊ ဖာဂါစတာမြို့ရှိ ဘရီနယ်လ်အထက်တန်းကျောင်းမှာ သောကြာနေ့ မွန်းလွဲပိုင်းက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားရှည်တစ်ချောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူတစ်ယောက် သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ ကျောင်းအုပ်ချုပ်ရေးနဲ့ အစိုးရသတင်းရင်းမြစ်တွေရဲ့ အဆိုအရ တိုက်ခိုက်သူမှာ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး အရင်ကလည်း ထိုးကြိတ်ရိုက်နှက်မှုတွေကြောင့်…

ပုဇွန်တောင်ရှိ ရထားသံလမ်းဘေး ကျူးကျော်တဲများကို ဖယ်ရှားမည်
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရထားသံလမ်းဘေးမှာ ကျူးကျော်နေထိုင်တဲ့ တဲတွေကို ဖယ်ရှားရှင်းလင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့မှာ ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)…

ကျန်စစ်မင်း နှင့် ယုဇနအိမ်ရာရှိ အိမ်ခန်းများ ဝယ်ယူခွင့်လျှောက်ရာတွင် အညာမခံရရေး အသိပေး
ရန်ကုန်တိုင်းဒေသကြီးက ကျန်စစ်မင်း အိမ်ရာ နဲ့ ယုဇန အပိုင်း (၃) အိမ်ရာ ရှိ အိမ်ခန်းတွေကို ဝယ်ယူခွင့် လျှောက် လွှာတင်ရာမှာ အလိမ်အညာ မခံရရေး သတိပြုဖို့ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဩဂုတ်လ ၂၁ ရက်မှာ အသိပေးကြေညာပါတယ်။ အဲဒီ အိမ်ရာတွေမှာ အိမ်ခန်းတွေ ဝယ်ယူခွင့် လျှောက်လွှာတင်ထားသူတွေကို အခန်း ရရှိမယ်လို့ လိမ်ညာဆောင် ရွက်တာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။လျှောက်လွှာတင်ထားသူတွေကို ဌာနက…

သမ္မတကြီး ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖွင့်ပွဲသို့ တက်ရောက်
ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် ညနေပိုင်းက မင့်စ်မြို့ရှိ Dipservice Hall မှာ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖွင့်လှစ် ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးတွေ နဲ့ တာဝန် ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်…

မြန်မာ-ဘယ်လာရုစ် လမ်းပြမြေပုံကို ဆက်လက်အကောင်အထည်ဖော်ရန် ဆွေးနွေး
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကို ဩဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်းမမှာ ကျင်းပရာ မြန်မာ-ဘယ်လာရုစ် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ ပတ် သက်လို့ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ ခရီးစဉ်မှာ လိုက်ပါလာတဲ့…

သမ္မတကြီး ဦးမင်းအောင်လှိုင် ဘယ်လာရုစ်လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ
ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ ဘယ်လာ ရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ အီဂေါ ဆာဂျီယန်ကို နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချာနိုဗာ တို့နဲ့ ပူးတွဲတွေ့ဆုံဆွေးနွေးတာကို ဩဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက မင့်စ်မြို့ရှိ ဘယ်လာရုစ်နိုင်ငံ လွှတ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ…

၂၀၂၇ နှစ်ဆန်းတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟု သမ္မတကြီး ပြောကြား
ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ် နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နဲ့ ဩဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ သီးသန့်တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တွေ့ဆုံရာမှာ ဘယ်လာရုစ်နိုင်ငံ သမ္မတက…

မြန်မာ-ဘယ်လာရုစ် နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက် ၉ ခု လက်မှတ်ရေးထိုး
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် နားလည်မှု စာချွန်လွှာ နဲ့ သဘော တူညီချက် ၉ ခု လက်မှတ်ရေးထိုးလဲလှယ်တာကို ဩဂုတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ဘယ်လာရုစ် နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလက်မှတ်ရေးထိုးလဲလှယ်တာကို နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကြီး ဦးမင်း အောင်လှိုင် နဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတ…

နိုင်ငံတော်သမ္မတကြီးကို ဘယ်လာရုစ်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ကို ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက သမ္မတနန်းတော်မှာ ဂုဏ်ပြုတပ်ဖွဲ့ နဲ့ ကြိုဆိုပါတယ်။ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ ခရီးစဉ်မှာလိုက်ပါလာတဲ့…

မြန်မာ-ဘယ်လာရုစ် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာန အချင်းချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောပါတယ်။နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဘယ်လာရုစ်နိုင်ငံတရားဝင်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဟာ…

မြန်မာ-ဘယ်လာရုစ် ကျန်းမာရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မည်
မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံ နှစ်နိုင်ငံအကြား ကျန်းမာရေးဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဩဂုတ်လ (၂၀)ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှာ Belarusian State Medical University မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနဲ့…

သွင်းဂိုး ၃၀၀ ပြည့်ရန် ရော်နယ်ဒင်ဟို ကြိုးပမ်းမည်
အသက် ၄၆ နှစ်မှာ ပရိုကစားသမားဘဝကို ပြန်လည်ဝင်ရောက်လာတဲ့ ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုက ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည်အောင် ကြိုးစားသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ အီတလီ စီးရီး-စီ ကလပ် ရာဗန်နာ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ရာဗန်နာအသင်းရဲ့ ရှယ်ယာပိုင်ရှင် တစ်ယောက်လည်းဖြစ်တဲ့ ရော်နယ်ဒင်ဟိုက ပွဲကစားဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုရှိနေပေမယ့်…

ဆော်ဒီလေဆိပ်နှင့် ရေနံသိုလှောင်ရုံများကို ဟူသီ တိုက်ခိုက်
ဆော်ဒီအာရေးဘီးယားနိုင်ငံက လေဆိပ်တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ယီမင် အခြေစိုက် ဟူသီလက်နက်ကိုင်ပြောက်ကျားတပ်ဖွဲ့က အတည်ပြုကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ ဩဂုတ်လ ၂၀ ရက်က ဆော်ဒီတောင်ပိုင်း၊ ယီမင်နယ်စပ်နားက နက်ဂျ်ရန်းမှာရှိတဲ့ လေဆိပ်နဲ့ ရေနံသိုလှောင်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတွေက ထုတ်ပြန်ပါတယ်။ ဒရုန်းတွေ အသုံးပြုထားတဲ့ စစ်ဆင် ရေးကို…

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော်မှာ ဩဂုတ်လ တတိယ(၁၀)ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ် နိုင်ပြီး အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာနိုင်တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဩဂုတ်လ(၂၁)ရက်၊ မနက်ပိုင်းမှာ ထုတ်ပြန်တဲ့ ဩဂုတ်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလ ဗေဒခန့်မှန်းချက်မှာ အခုလို ပါရှိတာပါ။အနောက်တောင်မုတ်သုံလေကလည်း…

မကွေးမှ ရှေးဟောင်းသပြေဆောင်ကို ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်
မကွေးတိုင်းဒေသကြီး မကွေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာရှိတဲ့ သပြေဆောင်ကို ရှေးဟောင်းအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့တယ်လို့ ရှေးဟောင်းသုသေတန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲကနေ သိရပါတယ်။အဲဒီသပြေဆောင်ဟာ နှစ်ပေါင်း(၁၀၇)နှစ်သက်တမ်းရှိပြီဖြစ်တာကြောင့် ရှေးဟောင်းမြို့ပြ အမွေအနှစ်အမှတ် အသား ကမ္ပည်းမော်ကွန်းကြေးပြားကို တပ်ဆင်ခဲ့တာဖြစ်တယ်လို့…

လေးမျက်နှာရှိ ငါးမွေးကန်များပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးမည်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ငါးမွေးမြူရေး ကန် ဧကပေါင်း ၃၅ ဒသမ ၈၆ ဧကကျော် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ရပြီး ရေပြန်လည်ကျဆင်းလာရင် ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ အဲဒီ ငါးမွေးမြူရေးကန်တွေအတွက် ငါးသားပေါက်တွေကို ဖြန့်ဖြူးပေးတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် ဆောင်ရွက်ပေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။…

မသန်စွမ်းသူများအား အခွင့်အလမ်းများရရှိအောင် ဖော်ဆောင်ပေးရန်လို
မသန်စွမ်းသူတွေဟာ လူ့အဖွဲ့အစည်းရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီး အများနဲ့နည်းတူ တူညီတဲ့အခွင့်အရေးတွေ ရရှိအောင် ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောပါတယ်။နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဩဂုတ်လ(၂၀)ရက်က ပြုလုပ်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး မှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယသမ္မတ…

တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဆွေးနွေး
တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာကိစ္စ ရပ်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လမ်းညွှန်ချက်တွေ ချမှတ်နိုင်ဖို့ ရည်ရွယ်ပြီး HLC အစည်းအဝေးကို ကျင်းပတာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။ ဩဂုတ်လ ၂၀ ရက်၊ မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Chatrium…

စကယ်လီနှင့် နွာနီရီတို့ကို ထွက်ခွင့်ပြုရန် အာဆင်နယ် စဉ်းစား
အသင်းရဲ့အကယ်ဒမီထွက် လူငယ်ကစားသမားတွေဖြစ်ကြတဲ့ လီဝစ် စကယ်လီနဲ့ နွာနီရီ တို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေရှိလာခဲ့ရင် ထွက်ခွာခွင့်ပြုဖို့ စဉ်းစားဖွယ်ရှိတယ်လို့ အာဆင်နယ်အသင်း အမှုဆောင်အရာရှိချုပ် ဂါလစ်က ပြောကြားလိုက်ပါတယ်။အသက် ၁၉ နှစ်အရွယ် စကယ်လီနဲ့ နွာနီရီ တို့ဟာ အာဆင်နယ်အသင်းကြီးနဲ့အတူ ပွဲထွက်ကစားခွင့် ရပြီးနောက်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ နွာနီရီဟာ ပြီးခဲ့တဲ့ရာသီ…

ပင်ဆယ်ဗေးနီးယား၌ ရဟတ်ယာဉ်နှင့်လေယာဉ်ငယ်တိုက်မှု တစ်ဦးသေဆုံး
ပင်ဆယ်ဗေးနီးယားပြည်နယ် အလယ်ပိုင်းရှိ လေဆိပ်တစ်ခုမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လေ့ကျင့်ရေး ဆင်းနေစဉ် ပြည်နယ်ရဲတပ်ဖွဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်ငယ်တစ်စင်း တိုက်မိခဲ့ရာ လေယာဉ်မှူး တစ်ယောက် သေဆုံးခဲ့ပြီး ပြည်နယ်ရဲအရာရှိ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်တိုက်မိမှုက ဖီလာဒဲလ်ဖီးယားမြို့ရဲ့ အနောက်ဘက် မိုင် ၁၂၀ ခန့်အကွာ ကမ်ဘာလန်းခရိုင်မှာ ညနေ ၆ နာရီ ၅၂…

စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန်
အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်ဆွေသက်ဟာ သြဂုတ် ၁၉ ရက် ၊ ညနေ ၄ နာရီအချိန်လောက်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။စာရေးဆရာကြီး မောင်ဆွေသက်ရဲ့ အမည်ရင်းဟာ ဦးညွန့်ဆွေဖြစ်ပြီး စာရေးဆရာငွေစိုးနဲ့ ဒေါ်ဆင့်တို့ က စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၉၃၅ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။စာရေးဆရာကြီး မောင်ဆွေသက်ဟာ ၁၉၅၁ ခုနှစ်မှာ…

ထားဝယ်အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် ရုရှားအား ဖိတ်ခေါ်
ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ဩဂုတ်လ ၁၉ ရက်က ရုရှားနိုင်ငံ ၊ မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှာကျင်းပတဲ့ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။မြန်မာနဲ့ ရုရှား နှစ်နိုင်ငံပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အနာ ဂတ်မှာ…
